Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
November 9, 2025

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဖေဖော်ဝါရီ ၂၂၊ VOR

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များထံမှ အလောင်း ၄လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က သတင်းထုတ်ပြန်သည်။

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် ယမန်နေ့က စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီနှင့်ပြည်သူ့စစ်အလောင်း ၄ လောင်း အခင်းဖြစ်ပွားရာနေရာတွင်ကျန်ရှိခဲ့သည်ဟု သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ လက်နက်ငယ် ၄ လက်၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ကား ၁ စီး နှင့် ခဲယမ်းကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အတွင်းနှင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နှင့် ထမ်းဆန်းဂူဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထမ်းဆန်းဂူဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရသည်ဟု သိရသည်။

အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေရသည့် မိမိ၏ လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက်တွန်းထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ပြောဆိုလိုက်သည်။

You may have missed