ဖေဖော်ဝါရီ ၂၂၊ VOR
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အားကစားရုံတွင် စစ်အုပ်စု အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး ဒဏ်ရာရရှိသွား ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း – ရေဦးPDF က ထုတ်ပြန်သည်။
ယနေ့ နံနက်၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေဦးမြို့အားကစားရုံ၌ စစ်ကောင်စီအဖွဲ့ဝင်များ အစည်းအဝေးလုပ်နေသည်ဟု သတင်းရရှိသဖြင့်ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ ရေဦးPDF က Fixed-Wing Drone နဲ့ ဗုံးသီး(၃)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ဗုံးသီးများကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီအဖွဲ့များ ဖရိုဖရဲထွက်ပြေးကြပြီး အစည်းအဝေးပွဲပျက်သွားကာ စစ်ကောင်စီတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်