Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
February 15, 2026

မိုင်းပွန်တွင် SSP ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေ

မိုင်းပွန်တွင် SSPP ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေ

ဖေဖော်ဝါရီ ၂၂၊ VOR

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ ပြည်သူ့စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဖေဖေယ်ဝါရီ ၂၁ရက်တွင် မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် SSPP တပ်များနှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းတောင်ဒေသတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သရှိ ဆီဆိုင်မြို့၊ ဟိုပုန်းမြို့များတွင် PNLA နှင့် စစ်အုပ်စုတို့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက PNO ပြည်သူ့စစ်များကိုလက်နက်တပ်ဆင်ပေးလျက်ရှိသည်။

မိုင်းပွန်မြို့သည် မြန်မာ့လွတ်လပ်ရေးအတွက် ကျဆုံးခဲ့သည့် အာဇာနည် ၉ဦးအနက် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မွေးဖွားရာဇာတိမြို့ဖြစ်သည်။

မိုင်းပွန်တွင် SSP ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေ

You may have missed