Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
January 13, 2026

မင်းပြားမြို့၊ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ

မင်းပြားမြို့၊ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကာကင်းစခန်း (၃) ခု နှင့် အရေးပါသော နေရာတစ်ခုကို သိမ်းပိုက်ရရှိထားပြီး တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်ဆင်လျက်ရှိ

ဖေဖော်ဝါရီ ၂၂၊ VOR

မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ကာကင်းစခန်း (၃) ခု နှင့် အရေးပါသော နေရာတစ်ခုအား လောလောဆယ် သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း AA က သတင်းထုတ်တပြန်သည်။

၎င်းစခန်းကို ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စခန်း၏ ကာကင်းစခန်း (၃) ခု နှင့် အရေးပါသော နေရာတစ်ခုအား လောလောဆယ် သိမ်းပိုက်ရရှိထားပြီး တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ ကို ဆက်လက်ဆင်နွှဲရင်း စစ်ကောင်စီတပ်စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။

မင်းပြားမြို့၊ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ

You may have missed