Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
September 12, 2025

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဌာနမှူး နိုင်ဒင်းပလဟံသာမှ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲဘော်များနှင့် ရှေ့တန်းတစ်နေရာတွင် တွေ့ဆုံ

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဌာနမှူး၊ နိုင်ဒင်းပလဟံသာမှ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲဘော်များနှင့် ရှေ့တန်းတစ်နေရာတွင် တွေ့ဆုံ

ဖေဖော်ဝါရီ ၂၀၊ VOR

မွန်ပြည်ဖက်ဒရယ်ကောင်စီ​ (MSFC) ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ ရှေ့တန်းရောက်နေသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များ၊ MSRF ​၏ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များနှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ တွေ့ဆုံခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

နိုင်ဒင်းပလဟံသာမှ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်များ၊ ရှေ့တန်းရောက်ရဲဘော်များနှင့်တွေ့ဆုံကာ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များ၊ အားပေးစကားများနှင့် အကြံပြုချက်များ အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ​ (MSFC) ​၏ နိုင်ငံရေးဦးဆောင်မှုအား ခံယူထားသည့် မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင် မွန်တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။

You may have missed