ဖေဖော်ဝါရီ ၂၀၊ VOR
ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၁၈ရက် တစ်ရက်ထဲတွင် တိုက်ပွဲ(၄)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ရှိ ပဲခူးရိုးမအတွင်း မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့်ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်(၁၀) နာရီခန့်တွင် ၄၈ ပေါက် ဖုတ်တက်ကြီးအဆင်း၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံး၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မွန်းတည့် (၁၂:၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကူလာသည့် အင်အား၂၅ဦးပါ ဖောကားကို ဟိုင်းယုလမ်းဆုံနှင့် ပျဥ်းကတိုးခင်းကြား၌ တော်လှန်ရေးရဲဘော်များက ၄၀မမများဖြင့် စောင့်ကြိုပစ်ခတ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံး၍ ၇ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မွန်းလွဲ (၃:၀၀)နာရီခန့်တွင်လည်း ခါချဥ်တောင်ပေါ်သို့ ထပ်မံတက်လာသည့်အတွက် ပက်ကွေ့ကြီးအဆင်း၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
မွန်းလွဲ (၅:၃၀) နာရီခန့်တွင် ခါချဥ်တောင်ပေါ်သို့ ဟိုင်းယုလမ်းဆုံမှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ဦးကို ရှောက်ပင်ချောင်းအနီး စောင့်ကြို မိုင်းဆွဲတိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
(၁၈.၂.၂၀၂၄) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ဦး သေဆုံး၊ ၁၆ဦး ဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်၁ဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် အသိပေးထားသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ