Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 15, 2025

ပြည်သူများ စိတ်ပူပန်သောကရောက်နေကြရသည့် အခြေအနေကို ကြားသိရပြီး တော်လှန်ရေးအင်အားစုများထံ ဆက်သွယ် မေးမြန်းလာမှုများ တိုးပွားလာနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆို ဝန်ကြီးချုပ် ရုံးအနေဖြင့် ဆက်လက်စီမံဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို တစ်ပတ်လုံးလုံး ဝန်ကြီးများ၊ ကော်မတီများမှာ ဆွေးနွေးခဲ့ကြမှုကို အခြေခံပြီး မူကြမ်းတစ်ရပ် တင်ပြသွားမည်ဟု ဆို

ပြည်သူများ စိတ်ပူပန်သောကရောက်နေကြရသည့် အခြေအနေကို ကြားသိရပြီး တော်လှန်ရေးအင်အားစုများထံ ဆက်သွယ် မေးမြန်းလာမှုများ တိုးပွားလာနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆို

ဖေဖော်ဝါရီ ၂၀၊ VOR

ပြည်သူများ စိတ်ပူပန်သောကရောက်နေကြရသည့် အခြေအနေတွေကို ကြားသိရပြီး တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ် မေးမြန်းလာမှုများ တိုးပွားလာနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆိုလိုက်သည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီတပတ်အတွင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းနိုင်ရေး ကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အတော်လေး စိတ်ပူပန်သောကရောက်နေကြရတဲ့ အခြေအနေတွေကို ကြားသိရပါတယ်။ ကျွန်တော်တို့အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ် မေးမြန်းလာကြတာတွေလည်း အတော်များပါတယ်။”ဟု ပြောသည်။

တချို့ မဟာမိတ် တော်လှန်ရေးအင်အား စုများမှလည်း ပြည်သူထံကို အသိပေးစာများ ထုတ်ပြန်လာကြသလို အမျိုးသားညီညွတ်ရေး အစိုးရထံ ယခုကိစ္စနှင့် ပါတ်သတ်ပြီး ဆက်လက် ကိုင်တွယ်ဆောင်ရွက်မည့် အစီအမံများကို မေးမြန်းလာမှုတွေရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ဝန်ကြီး များအားလုံးလည်း ဒီကိစ္စရပ် အတွက် အချိန်ပေးဆွေးနွေး နေကြပြီး၊ ဌာနအလိုက် စီမံခန့်ခွဲမှု တွေလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားသုံးသပ် အလုပ်လုပ်ကြတဲ့ အခါမှာ လက်ရှိစစ်အုပ်စုရဲ့ အခြေအနေနဲ့ နောက်ခံအကြောင်းတရားတွေကိုလည်း သေချာသုံးသပ်ကြဖို့ လိုသလို အမျိုးသား ညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ၊ တော်လှန်ရေးရဲ့ အရွေ့ စတာတွေကိုလည်း သေချာသုံးသပ် လေ့လာကြပြီး အစီအမံတွေ ပြုလုပ်ကြရမယ်လို့ ထင်ပါတယ်။ “ဟုပြောသည်။

စစ်အုပ်စုဟာ တောက်လျှောက် ထိခိုက်ဆုံးရှုံးမှုတွေ များလာပြီး စစ်အင်အား အင်မတန်ချိနဲ့နေပြီ ဖြစ်သည့်အတွက် သူတို့ ဆက်လက် ရပ်တည်နိုင်ရန် ဒီဥပဒေကို တရားမဝင် အတည်ပြုလာတာ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးကို စစ်နွံအတွင်းကျရောက်စေဖို့ စဉ်းစားဆင်ခြင် နိုင်စွမ်းပင် မရှိတော့ပဲ လုပ်ဆောင် လာတဲ့ လုပ်ရပ်တခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“တိုင်းပြည်ကသောင်းကနင်း ဖြစ်မှာကို ကြိုသိလျက်နှင့် သူတို့ရှင်သန် နိုင်ရေးအတွက် တိုင်းပြည်ကို ချနင်းတဲ့လုပ်ရပ်အပေါ် ပြည်သူတရပ်လုံးကလည်း နားလည်စွာနဲ့ မိမိတို့တတ် စွမ်းသမျှ တော်လှန်ရေးနည်းနာပေါင်းစုံ အသုံးပြုပြီး တော်လှန်ရေးကို အရှိန်မြှင့်ကြရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။”ဟု ဆိုသည်။

စစ်အုပ်စုရှိနေသရွေ့ ယခုလို ကိစ္စမျိုးတွေ တစ်ခုမဟုတ် တစ်ခု အမြဲပေါ်ပေါက်နေမှာ ဖြစ်ကြောင်း၊ ယခုကိစ္စမှာလည်းတစ်ဦး တစ်ယောက်တည်းအတွက် စဉ်းစားရုန်း ကန်ခြင်းထက် တနိုင်ငံလုံးစာ ဝိုင်းဝန်းရုန်းကန်ကြ ရမယ့် အချိန်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်လှန်ရေးရဲ့ အရှိန်ကို မြှင့်စေနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲအရှိန်မြှင့် ဆောင်ရွက် သွားမှာဖြစ်သလို လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေးအတွက်လည်း ပိုမို ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်။ လူငယ်များ အနေနဲ့လည်း မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ နည်းနာပေါင်းစုံနဲ့ တရားမဝင်စစ်အုပ်စုက တရားမဝင်ပြဌာန်းလာတဲ့ ဒီအဓမ္မစစ်သားစုဆောင်းခြင်း အမိန့်အပေါ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ဒီတော်လှန်ရေးမှာ Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်ဟာ အံ့ဩစရာကောင်းလောက်အောင် တီထွင်ကြံဆနိုင်ကြ တာမို့ မျိုးဆက်သစ်လူငယ် တွေကို ပစ်မှတ်ထားလာတဲ့ ဒီအမိန့်ကို တုန့်ပြန်ကြမယ့် နည်းလမ်း တွေလည်း ရှိမယ်လို့ ယုံကြည်ပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှကို လက်ချင်းချိတ်ပြီး တွန်းလှန်သွားနိုင် ကြမှသာ တော်လှန်ရေးခရီးဆုံးပန်တိုင်ကို ရောက်ကြမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေကို တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားတွေ အဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ “ဟု ဆိုသည်။

“ဒီလို အစီအမံတွေ စဉ်းစားကြတဲ့အခါမှာတော့ အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်း စားပြီး စီမံကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် ရုံးအနေနဲ့ ဆက်လက်စီမံဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေကို တပတ်လုံးလုံး ဝန်ကြီးများ၊ ကော်မတီများမှာ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး မူကြမ်းတရပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆက်လုပ်ရမှာတွေ၊ အင်အားစုအသီးသီးနဲ့ ပေါင်းစပ်လုပ်ရမှာတွေကို ဝိုင်းဝန်းအကြံပြုပြီး အလုပ်စတည် လုပ်လိုက် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားသည်။

အခုဆိုရင် မဟာမိတ် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပြီး စစ်ရေးနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက်နေကြောင်း ယခုအချိန်တွင် တိုင်းရင်းသား ဒေသများမှာ လည်း လွတ်မြောက်နယ်မြေများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့ အလားလာ ကောင်းနေပြီ ဖြစ်ကြောင်း၊ ဖက်ဒရယ်ယူနစ်/ပြည်နယ်များဟာ အသွင်ကူး ပြောင်းရေးကာလအတွက် အခြေခံဥပဒေများလည်း ပြင်ဆင်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တိုင်းတွေမှာတော့ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာ နေသော်လည်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရစဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့အသာစီးမရနိုင်တဲ့ နယ်မြေများကို စွန့်လွတ်ပြီး ၎င်းတို့ နိုင်မည်ထင်သည့် ဒေသများကို ယခုနှစ်ပိုင်းမှာ ပိုမို ထိုးစစ်ဆင်လာဖွယ်လည်း ရှိပါတယ်။ သို့သော် ဒါဟာလည်း အခိုက်အတန့်သာ ဖြစ်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ သူတို့အသာစီး ရလာပြီထင်ရင် ပြည်နယ်တွေဘက်ကို ပြန်ပြီး ထိုးစစ်ဆင်အုံးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တို့ လုပ်လေ့ရှိတဲ့ အဖန်တရာကျေနေတဲ့ ဗျူဟာသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် စစ်အာဏာရှင်တို့ လုံးဝပြုတ်ကျသွားမှသာ ထာဝရ အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ကျနော်တို့ အားလုံးနားလည်ပြီး အပြန် အလှန်ကူညီနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ “ဟု ပြောကြားသည်။

“အညာဒေသနဲ့ ပြည်နယ်တွေဟာ ဟန်ချက် ညီညီဆက်လက် ပူးပေါင်းစစ်ဆင်ရေးဆင်နွဲနေမှသာ စစ်ကောင်စီ အလုံးစုံပြုတ်ကျမှာဖြစ်ပါတယ်။ နောက်တစ်ချက်က စစ်ကောင်စီဟာ နိုင်ငံအနှံ့ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ အကြီးအကျယ် စစ်ရှုံးနေတာဖြစ်ပါတယ်။ သို့သော် အကြမ်းဖက် သမားတို့ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်မှုကို ဗျူဟာအဖြစ်အသုံးချကာ မိမိတို့ ပြည်သူနဲ့ တော်လှန်ရေးသမားများကို စိတ်ဓါတ်စစ်ဆင်ရေးအကြီးအကျယ် ဆင်နွဲနေတာကို သတိပြု ကြစေလိုပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

ထို့အပြင် ၂၀၂၄ခုနှစ်သည် ပိုမို ရုန်းကန်ကြရမယ့်နှစ် ဖြစ်ကြောင်း၊ ပိုပြီး အလုပ်တွေလုပ်ကြရမယ့် နှစ်လည်း ဖြစ်ကြောင်းနှင့် အားလုံး ပင်ပန်းနေကြတာ အမှန်ဖြစ်သောလည်း တော်လှန်ရေးအောင်မြင်မှု မရမချင်း အသက်၊ သွေး၊ ချွေးပေးဆပ် သွားကြတဲ့ ပြည်သူတွေအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သား စုဆောင်း မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေး အောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက်ပြောင်းလဲနိုင်ရေးစီမံချက် တင်ပြခြင်း ၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ စုံစမ်းရေးကော်မရှင် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မည့် ဦးဆောင်အုပ်ချုပ်ရေးအဖွဲ့ (Governing Body) သို့ပေးပို့မည့် အကြံပြုစာတင်ပြခြင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်သူများ စိတ်ပူပန်သောကရောက်နေကြရသည့် အခြေအနေကို ကြားသိရပြီး တော်လှန်ရေးအင်အားစုများထံ ဆက်သွယ် မေးမြန်းလာမှုများ တိုးပွားလာနေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆို ဝန်ကြီးချုပ် ရုံးအနေဖြင့် ဆက်လက်စီမံဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို တစ်ပတ်လုံးလုံး ဝန်ကြီးများ၊ ကော်မတီများမှာ ဆွေးနွေးခဲ့ကြမှုကို အခြေခံပြီး မူကြမ်းတစ်ရပ် တင်ပြသွားမည်ဟု ဆို

You may have missed