Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
February 15, 2026

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဖေဖော်ဝါရီ ၂၀၊ VOR

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာပါက အရေးယူသွားမည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောဆိုသည်။

တရားမဝင် ဝင်ရောက်လာသူများကို အရေးယူရန် လုံခြုံရေးအဖွဲ့များနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ဖေဖော်ဝါရီ၁၉ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်က မြန်မာပြည်သူ လူငယ်များအပေါ် ဖေဖော်ဝါရီ ၁၀ရက်နေ့က မတရားထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာရန်ကြိုးစားနေကြသည့် လူဦးရေ တိုးပွားလျက်ရှိနေပြီး ပတ်ပိုစ့်ရုံးများတွင် လူသေဆုံးမှုများထိ ဖြစ်ပေါ်နေသည်။

ထိုဥပဒေကြောင့် မြန်မာလူငယ်အများအပြား ထိုင်းနယ်စပ်လမ်းကြောင်းများမှတဆင့် ပွဲစားများကို ငွေကြေးအမြောက်အများပေးဆောင်၍ တရားမဝင် နယ်စပ်ဖြတ် ကျော်ဝင်ရောက်နေကြပြီး ထိုင်းနယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးခြင်းကိုလည်း နေ့စဉ်ခံနေကြရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

You may have missed