Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
December 9, 2025

စစ်ကောင်စီက လူငယ်တွေရဲ့ အသက်တွေနဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာကို အထူးဟန့်တားဖို့လိုအပ်နေကြောင်း ယာယီသမ္မတပြောဆို

စစ်ကောင်စီက လူငယ်တွေရဲ့ အသက်တွေနဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာကို အထူးဟန့်တားဖို့လိုအပ်နေကြောင်း ယာယီသမ္မတပြောဆို

ဖေဖော်ဝါရီ ၂၀၊ VOR

စစ်ကောင်စီက လူငယ်တွေရဲ့ အသက်တွေနဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာကို အထူးဟန့်တားဖို့လိုအပ်နေကြောင်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ် ကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်”ဟုပြောဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို့ ကြိုးစားရာမှာ၊ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ “ဟု ယာယီသမ္မတက ပြောဆိုသည်။

အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း၊ ကိုယ်စွမ်း ကိုယ်စရှိသည့် လူငယ်များသည် နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုကြောင်း၊ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိကြောင်း ယာယီသမ္မတက ဆိုသည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည်ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ ” ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေးချွတ်ခြုံကျနေသည့်ကြားက ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် စစ်ကောင်စီအသက်သွင်းလိုက်သည့် ပြည်သူ့စစ်ဥပဒေကြောင့် မြန်မာလူငယ်များနှင့် မိသားစုဝင်များပါ စိတ်သောကရောက်လျက်ရှိရာ နယ်စပ်ထွက်ခွာမှုနှင့် တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်မှုများ နေ့စဉ်တိုးပွားလျက်ရှိသည်။

စစ်ကောင်စီက လူငယ်တွေရဲ့ အသက်တွေနဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာကို အထူးဟန့်တားဖို့လိုအပ်နေကြောင်း ယာယီသမ္မတပြောဆို

You may have missed