ဖေဖော်ဝါရီ ၁၉၊ VOR
ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ အများပြည်သူများအသုံးပြုနေသည့်လမ်းပိုင်း ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၅) နှင့် အရပ်သားပြည်သူများပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၇ရက်နေ့က သွားရောက်ပြုပြင်ပေးခဲ့ကြောင်း KNDF တပ်ရင်း ၅က သတင်းထုတ်ပြန်သည်။
အဆိုပါလမ်းသည် ပျက်စီးယိုယွင်းနေပြီး ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားမှုများပြားနေသောကြောင့် သွားရောက်ပြုပြင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ရေးတာဝန်များကိုသာမက အများပြည်သူများ အဆင်ပြေလုံခြုံစွာ နေထိုင်သွားလာနိုင်ရေးအတွက် အရပ်ဘက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုပါ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ