ဖေဖော်ဝါရီ ၁၇၊ VOR
ခလရ ၇၁ နဲ့ ခမရ ၇၀၈ ဘီလူးစစ်ကြောင်းသည် အင်အား၈၀ကျော်ဖြင့် စစ်ကိုင်းတိုင်း ရေဦးနယ် ခင်ဦးနယ် ဒီပဲယင်းနယ်တို့ကို ဇန်နဝါရီ၁ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ တလှည့်စီစစ်ကြောင်းထိုးဝင်ရောက်နေပြီး တစ်လကျော်အတွင်း ပြည်သူ ၁၅ဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်းသိရသည်။
ယခုတစ်လကျော်အတွင်း စစ်ကြောင်းတလျှောက် ရေဦးနယ်မှ ၃ဦး၊ ခင်ဦးနယ်မှ ၇ဦး၊ ဒီပဲယင်းနယ်မှ ၅ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“၁လခွဲလောက်ရှိနေပြီး ရေဦးမြို့ပေါ်အထိုင်ချပြီး ၃မြို့နယ်စလုံးကို တလှည့်စီစစ်ကြောင်းထိုးနေတာ ဘီလူးစစ်ကြောင်းက ညအချိန်ကျမှ ကျေးရွာတွေကို အငိုက်ဝင်စီးတာ”ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က VOR ကိုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တောင်ကုန်းရွာနောက်ချန်ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများမှ ပြည်သူပိုင်နေအိမ်တချို့ကို စတင်မီးရှို့ဖျက်ဆီးနေပြီး လက်ရှိချိန်တွင် မူးချောင်း အနောက်ဘက်ရှိ ဝက်ဖိုးရွာထဲတွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းထိုးနေသဖြင့် ရေဦးနယ်အနောက်ဘက်ခြမ်းရှိ ရွာမိဿာ၊ မုတ်စီ၊ ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ မဲအိုး၊ အင်ပထိုး၊ ထန်းဘဲလှ စသည့် ကျေးရွာများမှ ပြည်သူ ၅ထောင်ကျော်စစ်ရှောင်နေရကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများအတွက် အကူအညီများလိုအပ်နေပြီး စားနပ်ရိက္ခာများအဓိကလိုအပ်နေကြောင်း၊ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ_ထောက်ပံ့ရေး(𝑵𝑮𝑶)ထံ လှူဒါန်းလိုပါက – https://t.me/mothersson122021 သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်