Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
July 8, 2025

မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူများကို YPDF က ကယ်တင်၊ လူဦးရေ ၁၀၀ခန့်ရှိပြီဟု ဆို

မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူများကို YPDF က ကယ်တင်၊ လူဦးရေ ၁၀၀ခန့်ရှိပြီဟု ဆို

ဖေဖော်ဝါရီ ၁၇၊ VOR

ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲဘော်များမှ သွားရောက်ကယ်တင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထွက်ပြေးတိမ်းရှောင်လာရင်း ပျူစောထီးများထောင်ထားသည့် နင်းမိုင်းမိသဖြင့် အသက် ၅၀ ခန့် အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး အဆိုပါဒဏ်ရာရအမျိုးသမီးအား လိုအပ်သည့် ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြောက်ခင်ရန်းပျူစောထီးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများထဲမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လလယ်အထိ လူဦးရေ ၁၀၀ ခန့်ကို YPDFတပ်ဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသူများကို ကူညီကယ်ထုတ်ရင်း တပ်ဖွဲ့မှ အရာရှိတစ်ဦး နင်းမိုင်းမိကာ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မြောက်ခင်ရန်းကျေးရွာသည် ဘူးလက်လှဆွေလက်အောက်ခံ ပျူစောထီးအများစုနေထိုင်ရာဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်တွင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် PDF ရဲဘော် ၂ ဦးကို ပျူစောထီးများက သံကြိုးများက တုပ်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

You may have missed