Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
February 15, 2026

ဆီဆိုင်နှင့် ဟိုပုန်းတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ

ဆီဆိုင်နှင့် ဟိုပုံး တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၁၇၊ VOR

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု PNLA ထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ရာ စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များမှ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဆီဆိုင်မြို့မြောက်ဘက် တစ်နေရာတွင်လည်း စစ်ကြောင်းထိုးရန်ကြိုးစားသည့် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်အဖွဲ့အား တားဆီးရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ၆၀ မမပြောင်းတို ၁လက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့ညတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများအား လက်နက်ကြီး အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PNLA က ထုတ်ပြန်ဖော်ပြထားသည်။

You may have missed