ဖေဖော်ဝါရီ ၁၆၊ VOR
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ြို့နသောက်ရေခပ်နှင့် ယာဒိုတွင်ရှိသော စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရာ သောက်ရေခပ်စစ်ကောင်စီအထိုင်စခန်းမှ ဒုတပ်ရင်းမှုးတစ်ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား ၁၁ ဦးကျဆုံးခဲ့သည်ဟု ဓနု ဒရုန်းတပ် -DANU Drone Force၏ ထုတ်ပြန်ချက်အရ သိရသည်။
သံတောင်ကြီးမြို့ု့ယ်၊ သောက်ရေခပ်နှင့် ယာဒိုတွင်ရှိသော စစ်ကောင်စီအထိုင်စခန်းများအား ဖေဖော်ဝါရီ ၂ရက်နေ့မှ ၁၃ရက်နေ့အထိ Drone ဖြင့်တိုက်ခိုက်စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ပြီး ၎င်းစစ်ဆင်ရေးတွင် သောက်ရေခပ်တွင်ရှိသော စစ်ကောင်စီအထိုင်စခန်းမှ ဒုတပ်ရင်းမှုးတစ်ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား ၁၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
ယာဒိုစစ်ကောင်စီစခန်းတွင် လက်နက်တိုက် အဆောက်အဦးတစ်ခု မီးလောင်ပျက်စီးပြီး လာရောက်မီးငြိမ်းသည့် စစ်ကောင်စီတပ်သားများအား Drone ဖြင့် ဆက်လက်တိုက်ခိုက်ရာ အထိအခိုက်ရှိနိုင်သည်ဟု ဆိုသည်။
အဆိုပါစစ်ဆင်ရေးကို ဓနု ဒရုန်းတပ်-DANU Drone Force ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ဖျက်မြင်းစစ်ကြောင်း Drone တပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://web.facebook.com/VORLiveNews/videos/1580371142502857

I am really inspired along with your writing abilities and also with the structure to your blog. Is that this a paid theme or did you modify it yourself? Either way stay up the nice high quality writing, it’s rare to peer a nice weblog like this one today!