Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

သုံးဆယ်ရဲစခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၁ဦးသေဆုံး

သုံးဆယ်ရဲစခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၁ဦးသေဆုံး

ဖေဖော်ဝါရီ ၁၆၊ VOR

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ဝတ်ရည်မွန် စားသောက်ဆိုင်ရှေ့တွင် သုံးဆယ်ရဲစခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၁ဦးသေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး (ဆည်မြောင်းတည်-၉ လမ်းထိပ်) ဝတ်ရည်မွန် စားသောက်ဆိုင်ရှေ့တွင် သုံးဆယ်ရဲတပ်ဖွဲ့စခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင် အချို့တို့နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျည်ဆံထိမှန် သေဆုံးကြောင်း သိရပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ“ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေး” ကို (၃)ရက်ကြာပြင်ဆင်ဆောင်ရွက်ခဲ့ရပြီး သာယာဝတီဂဠုန်တပ်ဖွဲ့ဘက်မှ လက်ပစ်ဗုံးသီး(၂)လုံး၊ ရှေ့ထွက်မိုင်းနှင့် ဆိုင်ကယ်(၁)တစ်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သုံးဆယ်ရဲစခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၁ဦးသေဆုံး
သုံးဆယ်ရဲစခန်း မှ စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၁ဦးသေဆုံး

You may have missed