ဖေဖော်ဝါရီ ၁၆၊ VOR
သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး ပြန်ကြားရေး CDM များနှင့် NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တွေ့ဆုံမှုကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမှန်များစီးဆင်းနိုင်မှုအပေါ် နိုင်ငံတကာနှင့် အများပြည်သူသိရှိနိုင်ရေး အရေးကြီးသည့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော လစ်လပ်နေရာများအတွက် ပြန်ကြားရေး CDM များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပိုမွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ပြည်သူ့ဆက်ဆံရေးကဏ္ဍပိုမိုထိရောက်ကောင်းမွန်လာစေရေးနှင့် လက်တွဲညီညီ ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များချမှတ်ကာ ပြန်ကြားရေး CDM များနှင့် NUG ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။
အဆိုပါဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တွဲဘက်အတွင်းများ၊ မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications-BOSC )မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် ပြန်ကြားရေး CDM များတက်ရောက်ခဲ့ကြသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ