Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

တန့်ဆည်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် အသက် ၆၀အရွယ်ပြည်သူ ၁ဦးသေဆုံး

တန့်ဆည်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် အသက် ၆၀အရွယ်ပြည်သူ ၁ဦးသေဆုံး

ဖေဖော်ဝါရီ ၁၆၊ VOR

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အသက် ၆၀အရွယ်ပြည်သူ ၁ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People Defence Comrade အဖွဲ့ထံက သိရသည်။

ယမန်နေ့ညပိုင်း ၁၁နာရီကျော်ခန့်တွင် တန့်ဆည်နယ်အနောက်ခြမ်း (တန့်ဆည်-ကံထူးမ-ကလေးဝ)လမ်းပိုင်းပေါ်ရှိ တောင်ကျောင်းရွာအနီး ပန်းထိမ်ကုန်းရွာတဝိုက်ကို တံတားဦးတက် YAK-130ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်(၆၀)အရွယ် အမျိုးသား(၁)ဦး သေဆုံးခဲ့ရကြောင်း မြေပြင်သတင်းအရသိရှိရပြီး အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ၁၄ရက်မှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုလမ်း​ပိုင်း၏ မယ်တော်ကြီးတောင်တက်၅အထိ ၂ရက်ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း၊ တိုက်ပွဲဖြစ်ထားခြင်းမရှိဘဲ ဂျက်ဖိုက်တာများဖြင့် (၆)ကြိမ်ထက်မနည်း လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုများ ကျုးလွန်လfက်ရှိကြောင်း သိရသည်။

You may have missed