Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

AA က အရှင်လက်ရဖမ်းဆီး/ သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများကို ပုံနှင့်တကွထုတ်ပြန်

AA က အရှင်လက်ရဖမ်းဆီး/ သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများကို ပုံနှင့်တကွထုတ်ပြန်

ဖေဖော်ဝါရီ ၁၅၊ VOR

ရက္ခိုင်ပြည်နှင့် ချင်းပြည်နယ် ပလက်ဝဒေသအတွင်း တိုက်ပွဲများမှ ရက္ခိုင့်တပ်တော် AA က အရှင်လက်ရဖမ်းဆီး/သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများကို ပုံနှင့်တကွထုတ်ပြန်လိုက်သည်။

ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းနှင့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ကို ကယ်ချိန်မရလိုက်ဘဲ အသေဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ရာ ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီး ရက္ခိုင့်တပ်တော်မှ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ယခုအချိန်တွင် ပြန်လည်ကျန်းမာနေပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်း ကြည်း/ ၃၁၅၁၄ အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း ကယ်ဆယ်ချိန်မရလိုက်ဘဲ အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ အားလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း/၂၇၉၆၇ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း သိရသည်။

ထို့အတူ အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သောသူ များ၏ အသက်နှင့် ခန္ဓာကိုလည်း AA၏ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်တိုက်ပွဲများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်ခဲ့ရာ သုံးလကျော်ကာလ အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

You may have missed