လူအိုလူဟောင်း – ဘာမှမလုပ် – မပြောင်းမပြုတ် – ရွတ်တွနေတဲ့ ခေါင်းဆောင်တွေကို စိတ်ကုန်စွာနဲ့ ခုဆိုရင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ပေါ်ထွက်လာပါပြီ။ ၁၉၉၅ ခုနှစ် ကတည်းက အပစ်ရပ်လာလိုက်တာ ညောင်းချိကုန်ပြီး မွန်လူမျိုးတွေ အိမ်ရွှေ့ ယာရွှေ့ ရွာမှာလူမရှိ စားဝတ်နေရေးမှာပိတ်မိ။ ကိုယ့်ပြည်နယ်ကောင်းစားရေး၊ လွတ်မြောက်ရေး၊ ကိုယ့်လူမျိုး မွန်စာပေယဉ်ကျေးမှု မြင့်မားရေး ဘာတခုတိုးတက်သွားလဲ ပြန်လှည့်ကြည့် – ဘာမှမတွေ့ပါဘူး။ မွန်ရာဇဝင် မွန်သမိုင်း မွန်သိက္ခာကို အရှက်မဲ့စွာချနင်းပြီး ဗမာအာဏာရှင်တွေပွဲလုပ်တိုင်း လိုက်တက် အိမ်ဖြည့် လက်မှတ်ထိုး ဓာတ်ပုံရိုက်ခံဘဝမှာ မွန်လူငယ်တွေရဲ့ နိုင်ငံရေးကို မွန်အဖိုးကြီးတွေကိုယ်တိုင် သတ်ပစ်ခဲ့ကြတာ ကြာပြီကော။ ဒါပေမယ့် လွယ်လွယ်နဲ့သေရိုးလား? မွန်ဆိုတာဘာလဲ ရခိုင်ဆိုတာဘာလဲ ပြန်ကြည့်လိုက် ရခိုင်မှာတော့ အဖနိုင်ငံတော်အတွက်ဆိုပြီး အသက်သေခံ တိုက်ထုတ်လာလိုက်တာ စစ်သင်္ဘောကြီး ၈ စီးထိတောင် နစ်မြှုပ်လိုက်နိုင်ပြီဆိုပဲ။ မြောက်ဉီး ကျောက်တော် မင်းပြား ကစလို့ တဖြည်းဖြည်းလွတ်မြောက်လုပါပြီ။ ကိုယ့်လူမျိုးအတွက် အနာဂတ်မွန်တွေအတွက် အားကျသင့်တယ်မထင်ဘူးလား။ မွန်ပြည်သစ်ပါတီတပ်အိုကြီးတွေက မအလ ပေးထားတဲ့ ဂိတ်သေးသေးလေးမှာ အိပ်ငိုက် ကားသံကြားရင် ထပိုက်ဆံကောက်ဘဝမှာ ပြိတ္တာလို ပေးတာယူကျွေးတာစား နေလာလိုက်ကြတာ ကိုယ့်သမိုင်းကိုယ်ဖျက်တဲ့ အာဏာရှင်ဒေါက်တိုင် မွန်ပြည်သစ်ပါတီလောက် ရွံစရာကောင်းတာ ရှိဉီးမလား။ မွန်သမိုင်းကို ဗမာဖျက်လို့မပျက်ဘူး မွန်တွေပဲ ဖျက်မှပျက်တာပါ မွန်သမိုင်းကိုလည်း မွန်တွေပဲ ပြန်တည့်မတ်ရမယ် အမျိုးချစ်တို့ရေ။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တုအောက်မှာ မွန်အမျိုးသားနေ့ကလေးတရက်လောက် မွန်ဝတ်စုံဝတ်ပြီး မွန်သီချင်းကောင်းကောင်းဆိုပြီးရင် ငြိမ်ငြိမ်နေကွာဆိုတဲ့ စစ်အာဏာရှင်တွေအောက် လမ်းပျောက်ခဲ့ကြတာ မွန်မှမွန်မဟုတ်ဘူးလား။ ရခိုင်တွေကိုရှက်ပါ ပြီးရင် အတုယူပါ ကိုယ့်မွန်သမိုင်းသွေးကို မင်းအောင်လှိုင်ခေါ်တဲ့အစည်းအဝေးတိုင်းမှာ ခြေဆေးဖို့အတွက် မဆက်သပါနဲ့တော့။ စာရေးသူက မွန်သွေးအပြည့်ပါသူမို့ ရှက်လွန်းလို့ပါ။ ရှက်ရှက်နဲ့ ခေါင်းငုံ့နေလာလိုက်တာ စစ်အာဏာသိမ်း ၃ နှစ်ပြည့်ပါရောလား။ မိုးလင်းနိုးလာတော့ သူငယ်ချင်းတွေက ” ထ – ထ သူငယ်ချင်း မင်းတို့မွန်တွေ တော်လှန်တော့မယ်တဲ့ ” 14.2.2024 ခုနှစ်။ ငါ့သွေးတွေ ပြန်နွေးလာတဲ့နေ့တနေ့။ မလေးရှား ထိုင်း စင်ကပူ ရှိသမျှနိုင်ငံအစုံမှာ မွန်တွေရှိတယ်။ ပြန်လာပြီးအိမ်ဆောက်တယ် အို သေသွားတယ်။ သားစဉ်မြေးဆက်လည်း ကိုယ့်ပြည်နယ် ကိုယ့်ဘိုးဘွားအိမ်မှာကောင်းကောင်းမနေနိုင် မျိုးစဉ်အဆက်ဆက် နိုင်ငံခြားထွက် အလုပ်လုပ်ရတယ်။ ပြန်လာ အိုသေ။ ဘယ်မှာလဲ မွန်ပြည်နယ် မွန်လူမျိုး မွန်ယဉ်ကျေးမှု လွတ်လပ်စည်ပင်တိုးတက်ရေး။ “မွန်နိုင်ငံတော်” ဆိုတဲ့အသုံးအနှုန်းများဆိုရင် ဖုန်တက်လို့ ခွါချ ကွာမကျတော့ဘူး။ စာရေးသူငယ်ငယ်က အမြဲတမ်းကြားခဲ့ရတဲ့ စကားလုံး မကြားရကြာလှပေါ့ ” မွန်ဂိတ်တိမ်း – မွန်ဂိတ်တိမ်း ” ဆိုတာလေ။ ခုတော့ သမိုင်းဆဲလ်အသေတွေနဲ့ ရွတ်တွနေတဲ့ မွန်အဖိုးကြီးတွေသတ်လို့ မွန်လူငယ်တွေ မသေဘူးဆိုတာ သိလိုက်ရပြီ။ နောင်တဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ရှက်တတ်သွားတယ်ဆိုတာ အမှန်တရားအတွက် ဉာဏ်လင်းလက်သွားတဲ့သဘောပါ။ New Mon State Party – AD ရဲ့ ဒီနေ့ထွက် ထုတ်ပြန်ချက် နံပါတ် (၆) ကိုဖတ်ကြည့်မယ်။
–
၆။ ” ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထား သည့်စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်သည်” လုံလောက်ပါတယ် ဒီတချက်တည်းကိုပဲ စူးနစ်တဲ့နှလုံးသားနဲ့ ရှေ့ဆက် အပေါ်က ဆင်ခြေတွေ မလိုပါဘူး မွန်အမျိုးကောင်းသားတို့။ စစ်အာဏာရှင်အရောင်စုံ နာမည်စုံ အဆက်ဆက်လက်အောက်မှာ ကိုယ့်အမျိုး ကိုယ်မနစ်မွန်းပါစေနဲ့တော့။ ဘယ်သူတွေတော်လှန်ရဲဝံ့သလဲ စာလိုက်ဖတ်ကြည့်တယ်။ မွန်ပြည်သစ်ပါတီ
“အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော” ပါတဲ့။ ခင်ဗျားတို့ဟာ နောင်တခေတ်ရဲ့ မွန်သမိုင်းစာအုပ်တွေမှာ ဗမာတွေကအစ နာမည်ပြောင်းယူရတဲ့ “ရာဇာဓိရာဇ်၊ အမတ်ဒိန်၊ မသံလုံ(ခ) လဂွန်းအိမ်၊ သမိန်ဗရမ်း၊ အဲမွန်ဒယာ၊ သမိန်အဝနံနိုင်၊ သမိန်ဉပါကောင်း၊ လကျိုက်သန်း(ခ)မသန်း” တို့လို သူရဲကောင်းအသစ်အသစ်ဖြစ်ကြပါစေတော့။ မွန်သူရဲကောင်းတွေ မျိုးဆက်ပြတ်ခဲ့တာ ကြာပါပြီကော။ အဘယ်မွန်တော်လှန်ရေး သူရဲကောင်းတဉီးကိုမျှ (မွန်ရာဇဝင်စာအုပ်တွေမှအပ) နောင်လူတွေ ပြောကြတာ ကြားဖူးပါသေးသလော။ ဘယ်တော်လှန်ရေးမှနောက်ကျကောင်းသည်မရှိ အလားတူပဲ အဘယ်သို့သော လွတ်မြောက်လိုစိတ်မှ နောင်တရစရာမရှိပါ မွန်တပ်တော်သားတို့။ ဗမာတွေဟာ ၄င်းတို့လူမျိုးတောင် ၄င်းတို့ဖျက်ဆီးပစ်နေသည်မှာ နေ့စဉ်နှင့်အမျှ မီးလောင်ပြင်တွေက ကြည့်မကုန် မြင်မဆုံး ” သင်တို့မွန်လူမျိုးအတွက် စစ်ကောင်စီက ကောင်းကျိုးဆောင်ပါလိမ့်မည်” ဟု မျှော်လင့်နေခြင်းဟာ ကိုယ့်ကိုကိုယ်သာ သတ်သေထိုက်သော အတွေးအခေါ်ဖြစ်သည်။ “သတ်၍တော့ မသေနိုင် တိုက်၍သာ အနိုင်ယူနိုင်ကြပါစေကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ထုတ်ပြန်ကြေငြာချက်ကို ကျွန်ုပ်တို့ Voice of Revolution (VOR) စာမျက်နှာမှ လေးစားဉီးညွှတ်ကြိုဆိုလိုက်ရပါသည်။
အယ်ဒီတာ
VOR – Voice of Revolution Live News

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ