Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

" ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၉နှစ်မြောက်မွေးနေ့"အထိမ်းအမှတ် စစ်တုရင်အားကစားပြိုင်ပွဲပြုလုပ်

” ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၉နှစ်မြောက်မွေးနေ့”အထိမ်းအမှတ် စစ်တုရင်အားကစားပြိုင်ပွဲပြုလုပ်

ဖေဖော်ဝါရီ ၁၃၊ VOR

မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၉နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်တုရင်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့ တစ်နေရာတွင် ကျင်းပခဲ့ကြသည်။

“ဗိုလ်ချုပ်မွေးနေ့ကို အမှတ်ရနေစေဖို့ရယ် မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့ တော်လှန်ရေးဘက်တော်သားတွေအချင်းချင်း စည်းလုံးညီညွတ်စေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်”ဟု ပွဲတာဝန်ရှိသူ ကို L.Zaw Aung က VOR ကိုပြောသည်။

တော်လှန်ရေးကြောင့် ရောက်ရှိလာသည့် နိုင်ငံကိုယ်စားပြုစစ်တုရင်အားကစားသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့က ရှုံးတာနိုင်တာအဓိကမထားဘဲ အားကစားစိတ်ဓာတ်နဲ့ပဲ ဗိုလ်ချုပ်မွေးနေ့ကို လာရောက်ဂုဏ်ပြုကစားတာပါ”ဟု ၂၀၁၇ခုနှစ်အာဆီယံ ဆီးဂိမ်းပြိုင်ပွဲတွင် အသက် ၂၀အောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုကောင်းမြတ်သူက VOR ကိုပြောသည်။

အဆိုပါပွဲကို ဖေဖော်ဝါရီ ၁၁ရက်နေ့မှ ၁၃ရက်နေ့ထိ ၃ရက်တာ ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေချီးမြှင့်မှုများလည်းပါဝင်ကြောင်း သိရသည်။

You may have missed