ဖေဖော်ဝါရီ ၁၃၊ VOR
ရက္ခိုင်ဒေသအတွင်း AA လက်ချက်ကြောင့် စခန်းစွန့်အသက်လုထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများက ပစ်ထားခဲ့သည့်လက်နက်များကို တွေ့ရှိပါက တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် AA ထုတ်ပြန်လိုက်သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိပြီးဖြစ်ကြောင်း သိရသည်။
သို့သော် AAမရောက်ရှိသေးသော နေရာများ၌ လည်းကောင်း၊ ရှာဖွေမတွေ့သေး၍လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ပါသေးသဖြင့် အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော အဆိုပါ လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်ကြော်င်း နှိုးဆော်ထားသည်။
လက်နက် ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်သောကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် AAထံ ဤထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် အသိပေးလိုက်သည်။
အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြ ရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေကြသည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထိုသို့ ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ် ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို AAမှ ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရသည်ဟု ဆိုသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ