ဖေဖော်ဝါရီ ၉၊ VOR
မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၈ ရက်မြောက်နေ့ လွန်ခဲ့တဲ့ ၃နှစ်ဒီလိုနေ့မျိုးမှာ နိုင်ငံဝန်ထမ်းတွေဟာ CDM မှာ တစ်ခဲနက် စတင်ပါဝင်ခဲ့ကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးစတင်လာချိန်မှာလဲ CDM တချို့ဟာ ရရာလက်နက်စွဲကိုင်ပြီး ပါဝင်ခဲ့ကြပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC၊ CDM success commuttiee နဲ့ CDM ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက နိုင်ငံ့ဝန်ထမ်း CDM မူဝါဒကို ၂၀၂၃ခုနှစ်မှာ ချမှတ်နိုင်ခဲ့ပါပြီ။
ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အကြမ်းမဖက်ရေးအာဏာဖီဆန်မှုဟာ နွေးဦးတော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍဒမှာပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက CDM ၃နှစ်ပြည့် အခမ်းအနားမှာပြောကြားခဲ့ပါတယ်။
သွေးချွေးအသက်တွေနဲ့ရင်းခဲ့သလို တချို့ CDM တွေဟာ နိုင်ငံ့သူရဲကောင်းအဖြစ် အသက်ပေးလှူသွားကြပါပြီ။
တော်လှန်ရေး ၃နှစ်ပြည့်မြောက်တဲ့အထိ CDM ဝန်ထမ်းတွေဟာ အခက်အခဲတွေကြားက ကြံ့ကြံ့ခံပါဝင်နေကြဆဲဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ