Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 25, 2025

TNLA သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းကို NUG ဒုဝန်ကြီးနှင့် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ကြည့်

TNLA သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းကို NUG ဒုဝန်ကြီးနှင့် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ကြည့်ရှု

ဖေဖော်ဝါရီ ၅၊ VOR

တအာင်းပြည် မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း TNLA ကသတင်းထုတ်ပြန်သည်သည်။

တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးများကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့နှင့်အတူ သွားရောက်ကြည်ရှုခဲ့ကြသည်ဟု သိရသည်။

၎င်းစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့သည်။

မန်တုံမြို့သည် စတုတ္ထမြို့အဖြစ် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။

You may have missed