ဖေဖော်ဝါရီ ၅၊ VOR
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာမှ ပျူစောထီးတစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရှင်းလင်းခဲ့ပြီး ၄င်းထံမှ ဆိုင်ကယ်၁စီး၊ မိုလ်ဘိုင်းဖုန်း၁လုံး၊ ငွေသား ၁၀၀၀ကျပ်နှင့် မှတ်ပုံတင်၁ခု သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာနေ ပျူစောထီး”ရှိုင်းလင်းအောင်” ကို ယနေ့ ဖေဖော်ဝါရီ ၅ရက် နံနက် (၁၁:၃၀) အချိန်ခန့်တွင် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်အနီး၌ ဆိုင်ကယ်စီးလာစဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျူစောထီး “ရှိုင်းလင်းအောင်” မှာ စစ်ကောင်စီတပ်များရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် နေအိမ်များအား စစ်တပ်နှင့်ပေါင်းကာ မတရားဖျက်ဆီးရယူခြင်း၊ စကစများအား ရိက္ခာထောက်ပံ့ပေးခြင်း၊ စကစများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့လုပ်ဆောင်ပေးခြင်းတို့ ပြုလုပ်နေသောကြောင့် ယခုလို ရှင်းလင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်