ဖေဖော်ဝါရီ ၅၊VOR
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ပရဟိတစာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ လေကြောင်းဗုံးကျဲမှု ၁၀ ကြိမ်မက ပြုလုပ်ခဲ့သဖြင့် ကလေးငယ်အများအပြား ထိခိုက်ပြီး သေဆုံးမှုများနိုင်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။
အဆိုပါစာသင်ကျောင်းတွင် စစ်ရှောင်ကလေး ၁၀၀ကျော်ရှိနေပြီး ယနေ့နံနက် ၁၁ နာရီခန့်မှစတင်ကာ လေယာဥ်ဖြင့် ၁၀ ကြိမ်ကျော် လာ ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပေ။







More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်