Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
July 8, 2025

တောင်ပြို လက်ယာစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်၊ လက်ဝဲစခန်းမှ စစ်သားများလက်နက်ချရန် သတိပေး

တောင်ပြို လက်ယာစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်၊ လက်ဝဲစခန်းမှ စစ်သားများလက်နက်ချရန် သတိပေး

ဖေဖော်ဝါရီ ၅၊ VOR

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ယာ) စခန်းအား ညနေ(၆) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်မှ တောင်ပြို ဆက်လက်၍ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း ၂ခုလုံးအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် (လက်ဝဲ) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။

တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သလို ရဲရင့်ပြောင်မြောက်သော အာရက္ခစစ်သည်အချို့လည်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀) နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း သိရသည်။

You may have missed