Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

ဧရာဝတီတိုင်း တပ်ရင်းတပ်ဖွဲ့များကို ကူညီထောက်ပံ့ရန်အတွက် Fight Delta Fight ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

ဧရာဝတီတိုင်း တပ်ရင်းတပ်ဖွဲ့များကို ကူညီထောက်ပံ့ရန်အတွက် Fight Delta Fight ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

ဖေဖော်ဝါရီ ၄၊ VOR

ဧရာဝတီတိုင်းရှိ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ၏ လိုအပ်သည့်နေရာများတွင် ကူညီထောက်ပံ့နိုင် ရေးအတွက် ဧရာဝတီတိုင်းသားများ စုစည်း၍ Fight Delta Fight ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Fight Delta Fight ရုပ်ရှင်ဇာတ်ကားသည် ဧရာ၀တီတိုင်းရှိ တော်လှန်လူငယ်များ၏ ဖြစ်ရပ်မှန်များကို အခြေပြုဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်ပြီး ပြသ၍ ရရှိလာသည့် ရန်ပုံငွေကို ဧရာဝတီတိုင်း ပြည်သူကာ ကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့များ၏ လိုအပ်နေမှုကို ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“ဒီကားထဲမှာပါတဲ့ ကျဆုံးသွားတဲ့ ဆရာဝန်က အပြင်မှာတကယ်ရှိပါတယ် ဒါရာလော့တွေကအစ တကယ်ပြောခဲ့တာတွေပါ ” ဟု ဒါရိုက်တာမင်းလက်ယာက VOR ကိုပြောသည်။

ရုပ်ရှင်ပြသခြင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီရုပ်ထု နှစ်ခုကို ရုပ်ထုတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ နှင့် သင်ဖြူးဖျာဖြင့် ရက်လုပ်ထားသည့် ပန်းတနော်လက်ရာ ဗိုလ်ချုပ်မြင်းစီးပန်းချီကားကို အမေရိကန် ဒေါ်လာ ၅၀၀ ဖြင့် လေလံ တင်ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်း တပ်ရင်းတပ်ဖွဲ့များကို ကူညီထောက်ပံ့ရန်အတွက် Fight Delta Fight ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

You may have missed