Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ဦးနှင့် အရာရှိ ၅ဦးအပါဝင် စုစုပေါင်း ၂၂ဦးသေဆုံး

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ဦးနှင့် အရာရှိ ၅ဦးအပါဝင် စုစုပေါင်း ၂၂ဦးသေဆုံး

ဖေဖော်ဝါရီ ၄၊ VOR

တနင်္သာရီမြို့နယ်၊ဘန်လောအရှေ့ကမ်းရွာအနီး ၅/၆ မိုင်တွင် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်ခဲ့‌ ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂က သတင်းထုတ်ပြန်သည်။

တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့် ၁ဦးနှင့် အရာရှိ ၅ဦးအပါဝင် စုစုပေါင်း ၂၂ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိ၍ လက်ပစ်ဗုံး ၁လုံးနှင့် ၅.၅၆ကျည် ၅၀၀ကျော်ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း၂၊တပ်ခွဲ၁၊ဘက်မလိုက်ပြောက်ကျားအဖွဲ့(Drone တပ်စိပ်)အပါအဝင်၊တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)နှင့် မြိတ်မြို့နယ်(ပကဖ) တို့ပါဝင်ပပြီး ပူးပေါင်းစစ်ကြောင်း ၁ မှ ရဲဘော် ၂ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများ၊ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် အသိပေးထားသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ဦးနှင့် အရာရှိ ၅ဦးအပါဝင် စုစုပေါင်း ၂၂ဦးသေဆုံး

https://www.facebook.com/VORLiveNews/videos/400787435809279

You may have missed