Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
November 8, 2025

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ၊ မိုင်းလွန် ပင်မစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ၊ မိုင်းလွန် ပင်မစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၂၀ကျော်သေဆုံး၊ လက်နက်ခဲယမ်းများရရှိ

ဖေဖော်ဝါရီ ၄ ၊ VOR

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရက သတင်းထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးထားသော အလောင်း (၇) လောင်းအပါအဝင် စစ်သား (၂၀) ကျော်သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တို့ ပူးပေါင်းကာ (၃) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

You may have missed