ဖေဖေဝါရီ ၄၊ VOR
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးသေဆုံးပြီး ၂၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်သည်။
ရွှေပြည်အေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ် နှင့် SNA ပူးပေါင်းတပ်ဖွဲ့ ခန့်မှန်း အင်အား (၄၀၀) ဖြင့် ဇန်နဝါရီ ၂၃မှစတင်ထိုးစစ်ဆင်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်အုပ်စုပူးပေါင်းစစ်ကြောင်းမှ ရွှေပြည်အေးမြို့အား ခွာစစ်ဆင် တပ်ဆုတ်သွားခဲ့ကြောင်း သိရသည်။
ရွှေပြည်အေးမြို့အား ဝင်လျင်ဝင်ချင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ ပိုင်းဖြတ်တိုက်ခိုက်မှုခံရပြီး စစ်ကောင်စီတပ်များ ပထမနေ့တွင်ပင် စစ်ဦးကျိုးကာ တပ်လှန်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဘက်မှ ဝိုင်းပတ်တပ်ဖြန့်ထားသည့်အနေအထားတွင် နှစ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ စုစည်းညီညွတ်မှုဖြင့် စစ်အုပ်စုထိုးစစ်အား ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
၁၀-ရက် ကြာတိုက်ပွဲအတွင်း စစ်အုပ်စုခြေကုပ်ယူခဲ့သောနေရာများတွင် မြေမြှုပ်ထားသော စစ်သားအလောင်း (၁၅) လောင်း နှင့် ထိခိုက်ဒဏ်ရာရ (၄၀) ဝန်းကျင်ရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ