Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

မုံရွာမြို့ နဂါးတွင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

မုံရွာမြို့ နဂါးတွင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ဖေဖော်ဝါရီ ၄ ၊ VOR

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၅ (CRA) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို နဂါးတွင်းရွာတောင်ဘက် အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်မှူး တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း မအူဂိတ်ရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး အပြန်လှန် ပစ်ခတ်မှု ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ လကိနက်ခဲယမ်းအင် အားနည်းပါးသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၄ ၊ ဒေသကာကွယ် ရေး တပ်ဖွဲ့များနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ နဂါးတွင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

You may have missed