Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 15, 2025

ပြည်သူများလှူဒါန်းမှုဖြင့် ကျည်ကာပြား၊ ကျည်ကာဦးထုပ်များ တော်လှန်ရေးရဲဘော်များ ဒုတိယအကြိမ် ထပ်မံရရှိ

ပြည်သူများလှူဒါန်းမှုဖြင့် ကျည်ကာပြား၊ ကျည်ကာဦးထုပ်များ တော်လှန်ရေးရဲဘော်များ ဒုတိယအကြိမ် ထပ်မံရရှိ

ဖေဖော်ဝါရီ ၄၊ VOR

ပြည်သူများ၏ လှူဒါန်းမှုဖြင့် ကျည်ကာပြား(၁၈)ပြား၊ ကျည်ကာဦးထုပ်(၂၀ ) လုံးသည် ဒုတိယအကြိမ် တိုက်ပွဲဝင်ရဲဘော်များ၏ လက်ထဲသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

“အခုလိုလှူဒါန်းပေးတဲ့ ပြည်သူများကိုလည်း ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းလည်းပြောကြားလိုပါတယ်။ ကျည်ကာပြား၊ ကျည်ကာ ဦးထုပ်များဟာ တိုက်ပွဲဝင်ရဲဘော်များအနေဖြင့် အသက်အန္တရာယ်၊ ထိခိုက်ဒဏ်ရာရမှုများမှ လျော့ပါးသက်သာအောင် ကာကွယ်ပေးနိုင်တဲ့မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။”ဟု ဆိုသည်။

သို့ဖြစ်၍ ရဲဘော်များအတွက် မရှိမဖြစ်လိုအပ်သည့် ကျည်ကာပြား၊ ကျည်ကာဦးထုပ်များကို ဆက်လက်ပြီး တပ်ဆင်ရန်ကျန်ရှိနေသည့် ရဲဘော်များအားလုံးအတွက် လိုအပ်နေသေးသော ကျည်ကာပြား၊ ဦးထုပ်များကိုဆက်လက်ပါဝင် လှူဒါန်းပေးကြပါရန်လည်း တိုက်တွန်းထားသည်။

You may have missed