ဖေဖော်ဝါရီ ၄၊ VOR
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ထားသည့် သထုံႏပေႏ(ဆီဆိုင်)မြို့ကိုလက်ရှိအချိန်အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်ဟု PNLA က ယမန်နေ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့်မြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ မြို့များကို ဖျက်စီးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် တနေကုန်တနေခန်း သထုံႏပေႏ(ဆီဆိုင်)မြို့ကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှု ပြုလုပ်သောကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရသည်ဟု သိရသည်။
ဇဝနာရာမပရိယတ္တိစာသင်တိုက်သည် သံဃာတော် ၅၀၀ ကျော်ကို ဗုဒ္ဓစာပေများ သင်ကြားပေးကာ အေးချမ်းစွာ သာသနာပြုနေသည့် ပအိုဝ်းဒေသအတွင်းရှိ အကြီးမားဆုံး စာသင်တိုက်ဖြစ်ကာ ပအိုဝ်းတမျိူးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်သည်ဟု ဆိုသည်။
ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီမှ ဗုံးကြဲဖျက်စီးခြင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းတမျိုးသားလုံး၏ နှလုံးသည်းအူကို မီးရှို့သည့်လုပ်ရပ်ပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီမှ ဗုံးကြဲဖျက်စီးခဲ့သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးသည် တိုက်ပွဲဖြစ်ပွားသည့်နေရာလည်းမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များရှိသည့် နေရာလည်း မဟုတ်ပေ။
သထုံႏပေႏ(ဆီဆိုင်)မြို့ကို မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် မိဘပြည်သူများ၏ နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်နှင့်အပေါင်းအပါများသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် ပြည်သူများ၏ ကိုးကွယ်ယုံကြည်မှုများ အိုးအိမ်စည်းစိမ်များကိုပင် အညှာအတာကင်းမဲ့စွာ ဖျက်စီးသည့်သူများဖြစ်သည်ကို တွေ့မြင်နေရသည်ဟု PNLA က ဆိုထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး မိဘပြည်သူများနှင့်အတူ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအစုအဖွဲ့များ မိဘပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ကြရန် လေးနက်စွာ တိုက်တွန်းကြောင်း ထုတ်ပြန်ပြောဆိုသည်။



More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ