Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 21, 2026

ဒုစစ်ဦးစီးချုပ် မာဝီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်သားအသစ်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲသို့ တက်ရောက်

ဒုစစ်ဦးစီးချုပ် မာဝီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်သားအသစ်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲသို့ တက်ရောက်

ဖေဖော်ဝါရီ၄၊ VOR

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းမှ တပ်သားအသစ်ရဲ့ ဘော်များ၏ အခြေခံစစ်သင်တန်း ဆင်းပွဲသို့ ဒုစစ်ဦးစီးချုပ် မာဝီ မှ တက်ရောက်ခဲ့ကြောင်း Karenni Nationalities Defense Force-KNDF-BO8 ထံမှ သိရသည်။

အဆိုပါ အမှတ်(၈) တပ်ရင်းရဲ့ အပတ်စဥ် (၄) သင်တန်းကို ဇန်နဝါရီ ၂၁ ရက်နေ့မှ ၃၁ ရက်‌နေ့အထိ ၁၀ ရက်တာ ပြုလုပ်ခဲ့ပြီး၊ ဖေ‌ဖော်ဝါရိ ၁ ရက်နေ့တွင် အခြေခံစစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် မာဝီမှတက်ရောက်ခဲ့ပြီး၊ (KNDF) ရဲ့ တပ်ပိုင်းဆိုင်ရာ၊စည်းမျဥ်း၊ စည်းကမ်းများနဲ့ တပ်သားသစ်များကို ကြိုဆိုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

You may have missed