ဖေဖော်ဝါရီ ၄၊ VOR
နယူးယောက်မြို့တွင်ကျင်းပသော “ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု ၃ နှစ်ပြည့်” လူထုစုဝေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။။
အဆိုပါပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Time Square ရင်ပြင်တွင် “ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု ၃ နှစ်ပြည့်” လူထုစုဝေးပွဲကို ဒေသစံတော်ချိန် ယနေ့ ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ NYCBC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။ မြန်မာ့နွေဦး တော်လှန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏သဘောထားများ ဆက်လက်လုပ်ဆောင်နေသော ကိစ္စရပ်များ သိသင့်သိထိုက်သည်များကို တက်ရောက်လာသော ပြည်သူလူထုအားရှင်လင်းပြောကြားခဲ့သည်။
အဆိုပါလူထုစုဝေးတွင် အာဏာသိမ်းစစ်တပ်အား မြန်မာပြည်တွင်းမှ ပထဆုံး လူထုဆန့်ကျင်လှုပ်ရှားမှုဖြစ်သော သံပုံးတီးသပိတ်ကို ပြည်လည်အသက်သွင်း ပုံဖော်ခဲ့ကြကြောင်း၊ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဖြစ်သော အဖြူရောင်သပိတ်နှင့် Peaces of white လှုပ်ရှားမှုများကိုလည်း ဂုဏ်ပြုတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးများကိုဂုဏ်ပြုသောအားဖြင့် ထမိန်သပိတ်ကိုလည်းသရုပ်ပြကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်းပြသခဲ့ကြသည်ဟု သိရသည်။
ဒါရိုက်တာကိုပေါက်ရေးသားသော “မိုးခါးရေ ငါတို့မသောက်ဘူးလေ” သီချင်းကို မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှ တက်ရောက်လာသော အဆိုတော် ကိုဝင်းနိုင်စိုးမှသီဆိုဂုဏ်ပြုခဲ့ပြီး Melody world မှ အဆိုတော်ကျော်သီဟကလည်း တော်လှန်ရေးသီချင်းများသီဆိုကာဖျော်ဖြေခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ညနေပိုင်းတွင်အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်ဟု သိရသည်။















More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ