Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

စစ်ကောင်စီ( သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်ဟု ညီနောင် ၃ဖွဲ့ထုတ်ပြန်

စစ်ကောင်စီ( သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်ဟု ညီနောင် ၃ဖွဲ့ထုတ်ပြန်၊ ၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်နေ့တွင် နိုင်ငံရေး ရည်မှန်းချက်များ ပြည်သူနှင့် တသားတည်း ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဟု ဆို

ဖေဖေဝါရီ ၄၊ VOR

စစ်ကောင်စီ တစ်ဖြစ်လဲ အထူးသဖြင့် မင်းအောင်လှိုင် (သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးခေါင်းဆောင်လက်ထက်တွင် မြန်မာ့တပ်မတော်၏ ပကတိဖြစ်ပျက်နေသောမြင်ကွင်း၊ စစ်ကောင်စီ၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်ဟု ယမန်နေ့ ဖေဖေဝါရီ ၃ရက် ၁၀၂၇ စစ်ဆင်ရေး ရက် ၁၀၀ ပြည့်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပျက်ကျထားသည့် စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် တစ်စီး ကို AA တပ်ဖွဲ့ဝင်များက စိစစ်နေသည့် ဓာတ်ပုံများနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ Mi17 ရဟတ်ယာဉ်ဟု ယူဆရသည့် ရဟတ်ယာဉ်ပျက်ကို နောက်ခံထား၍ AA တပ်ဖွဲ့ဝင်များ တန်းစီ ရပ်နေသည့် ဓာတ်ပုံ၊ ပျက်နေသည့် စစ်ရဟတ်ယာဉ်ကို AA တပ်ဖွဲ့ဝင်များက ရှာဖွေ စိစစ်နေပုံများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်သည့်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိသည့်နည်းတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒနှင့် ထပ်တူထပ်မျှရှိပါကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကိုလည်း တစ်ရက်မှမပျက် ဆက်လက်လုပ်ဆောင်နေပါကြောင်း အသိပေးထားသည်။

ရှမ်းမြောက်တွင် စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း ရက္ခိုင်ဒေသတွင်းရှိ ရက္ခိုင့်တပ်တော်မှ တစ်ဝက်တစ်ပျက် (သို့) အနည်းငယ်မျှသာသိမ်းပိုက်ရယူရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များအပါအဝင် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီ( သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်ဟု ညီနောင် ၃ဖွဲ့ထုတ်ပြန်

You may have missed