ဖေဖော်ဝါရီ ၄၊ VOR
ကန့်ဘလူမြို့နယ် ရှမ်းတပ်ကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသည့် ပြည်သူတဦးအား မီးရှို့သတ်ဖြတ်ပြီး၊ ပြည်သူတစ်ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကာ ကန့်ဘလူနယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂လုံးမီးလောင်သွားခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ထံက သိရသည်။
ဖေဖော်ဝါရီ ၁ရက်နေ့နံနက် ၆ နာရီတွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၁၀၀ ကျော်သည် ထန်းကုန်းတိုက်နယ်အတွင်းရှိ ရှမ်းတပ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နှစ်ညအိပ်တပ်စွဲကာ စိတ်ကျန်းရေးမကောင်းသည့် အမျိုးသားတဦးအား နေအိမ်ထဲထည့်၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည်အသက်(၄၉)နှစ်ဝန်းကျင်ရှိ ကိုကြည်မြင့်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မနက် ၆ နာရီဝန်းကျင်ခန့်တွင် အိမ်တစ်အိမ်ထဲထည့်ပြီး မီးရှို့သတ်ထားခဲ့ကြောင်း၊ အိမ်တအိမ်လဲ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတဦးကဆိုသည်။
ထို့အပြင် အသက်၆၂ နှစ်အရွယ်အမျိုးသားတစ်ဦးကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုထိလွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်အင်အား ၁၀၀ ကျော်သည် ရှမ်းတပ်ကျေးရွာတွင်နှစ်ညအိပ်ယာယီတပ်စွဲခဲ့ပြီး ထိုမှတဆင့် ပေလည်ကျေးရွာသို့ ယနေ့ညနေ ၁ နာရီ ၄၀ မိနစ်အချိန်တွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ကာ အကြမ်းဖက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထန်းကုန်းတိုက်နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ပျဥ်းတော်၊ညောင်ကိုင်း၊သရက္ကံကြီး၊ကြာဘက္ကံ၊မောင်းတိုင်၊ယော၊ ရှမ်းတပ်၊မင်းကုန်း၊ပေလည် စသည့်ကျေးရွာများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်