Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
December 9, 2025

Starlink ဟာ အခုဆိုရင် ၄င်းရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ v2mini လို့ခေါ်တဲ့ဂြိုဟ်တုများမှတစ်ဆင့် မိုဘိုင်းဖုန်းများကြား 4G/LTE ချိတ်ဆက်မှုမှတစ်ဆင့် စာတိုပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

Starlink ဟာ အခုဆိုရင် ၄င်းရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ v2mini လို့ခေါ်တဲ့ဂြိုဟ်တုများမှတစ်ဆင့် မိုဘိုင်းဖုန်းများကြား 4G/LTE ချိတ်ဆက်မှုမှတစ်ဆင့် စာတိုပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

Starlink ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ T-Mobileမှ”လာမယ့်နှစ်တွေအတွင်း Starlink—SpaceX မှ လွှတ်တင်ထားသော ဂြိုလ်တုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အနည်းဆုံး မတူညီတဲ့ မိုဘိုင်းကွန်ရက်အော်ပရေတာ ရှစ်ခုရဲ့အသုံးပြုနေသူတွေကို စာသားမက်ဆေ့ခ်ျပို့ခြင်းကို ပံ့ပိုးပေးမှာဖြစ်ပြီး ၎င်းရဲ့ဖောက်သည်မျာတွေ အခု အသုံးပြုနေတဲ့ မြေပြင်အခြေစိုက်စခန်းများမလိုအပ်ဘဲ အသံနဲ့ဒေတာကို ပေးစွမ်းနိုင်မှာဖြစ်တယ်”လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဂြိုလ်တုများနဲ့ ဆယ်လူလာအခြေစိုက်စခန်းများ အသွင်ကူးပြောင်းလာခြင်းဟာ Starlink ရဲ့ အောင်မြင်မှုကို ပြသလာခြင်းပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ စျေးသက်သက်သာသာ လွှတ်တင်ထားတဲ့ ဂြိုလ်တုတွေကြောင့် ကမ္ဘာမြေပေါ်ရှိ မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ ဂြိုလ်တု ချိတ်ဆက်မိဖို့အချိန်အနည်းငယ်သာ ရရှိပါတယ်။
လျှပ်စစ်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရာအင်ဂျင်နီယာ ကျောင်းကြီးရဲ့ အဆိုအရ အဆိုပါပြဿနာများကိုဖြေရှင်းရန်အပြိုင်ကုမ္ပဏီတွေဟာ အခုအချိန်ထိစီးပွားဖြစ်ဂြိုလ်တု (Huawei/China Telecom; Lynk Global; Apple/Globalstar) မှတဆင့် ပုံမှန်ဖုန်းတွေမှာ စာသားမက်ဆေ့ခ်ျများပေးပို့လက်ခံရရှိပြီး 5G ကိုစမ်းသပ်ဂြိုဟ်တု (AST SpaceMobile) မှတဆင့်အသံနဲ့ ဒေတာခေါ်ဆိုမှုများရရှိဖို့ လုပ်ဆောင်ခဲ့ပါတယ်။
မကြာသေးမီအထိ၊ ဂြိုလ်တုတွေဟာကီလိုမီတာရာနဲ့ချီတဲ့ အကွာအဝေးအောက်မှာရှိတဲ့ မိုဘိုင်းလ်ဖုန်းများကိုချိတ်ဆက်နိုင်ခြင်း မရှိသေးပါ။

ဝေးလံခေါင်သီသောနေရာများကို စူးစမ်းလေ့လာဖို့ ယူသွားတဲ့ ဂြိုလ်တုဖုန်းအမျိုးအစားတွေဟာ ဂြိုလ်တုနဲ့ချိတ်ဆက်ဖို့ သေးငယ်တဲ့ အင်တင်နာပါတာကြောင့်ရှင်းလင်းတဲ့ ကောင်းကင်အောက်မှာပဲ မိပြီး အချက်ပြမှုတစ်ခုရရှိဖို့ အချိ န်အနည်းငယ်ယူရပါသေးတယ်။

ကုန်းမြေ နှင့်ဂြိုလ်တု ဆယ်လူလာကွန်ရက်များ ပေါင်းစည်းခြင်းဟာ မိုဘိုင်းလ်တာဝါတိုင်တွေကြား တစ်ခုမှ နောက်တစ်ခုသို့ အချက်ပြမှုများကို လွှဲပြောင်းပေးခြင်းကဲ့သို့ မလွယ်ကူပါ။ကုန်းမြေနဲ့ ကောင်းကင်ရှိ ကွန်ရက်တွေချောမွေ့စွာ ပေါင်းစည်းနိုင်မှုဟာ အန္တိမပန်းတိုင်ဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံ Aalborg တက္ကသိုလ်မှ ကြိုးမဲ့ဆက်သွယ်ရေးသုတေသီ Melisa López က ပြောကြားခဲ့ပါတယ်။

Starlink ဟာ ၎င်းရဲ့ 4G ချိတ်ဆက်မှု အသေးစိတ်အချက်အလက်များစွာကို မရှင်းပြထားသော်လည်း လက်ရှိစီးပွါးရေးဂြိုလ်တုတွေဟာ ချောမွေ့မှုမရှိတဲ့ ဆယ်လူလာချိတ်ဆက်မှုများရဲ့ တည်ဆောက်မှုတွေကို ဖော်ပြထားပြီး သုတေသီတွေဟာ အနာဂတ်ဂြိုလ်တုတွေအတွက် အလားအလာရှိတဲ့ ဦးဆောင်မှုတစ်ခု ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ မိုဘိုင်းလ်ဖုန်းများကို ဂြိုလ်တုဖုန်းများကဲ့သို့ ဖြစ်အောင် ပြန်လည် ဒီဇိုင်းထုတ်မယ့်အစား ကုမ္ပဏီတွေဟာမိုဘိုင်းလ်ဖုန်းတွေနဲ့ ကိုက်ညီဖို့ ဂြိုဟ်တုကွန်ရက်ကိုပဲ ပြင်ဆင်ဒီဇိုင်းထုတ်နေကြပါတယ်။ ၎င်းတို့ဟာ ဂြိုလ်တုတွေကို ဆဲလ်ဖုန်းတာဝါတိုင်တွေအဖြစ် ပြောင်းလဲဖို့အတွက် ဂြိုလ်တုတွေပေါ်ရှိ အင်တာနာများကို ပိုမိုကြီးမားအောင် ပြုလုပ်လျက်ရှိပါတယ်။

ဥပမာအားဖြင့်၊ AST SpaceMobile ရဲ့ပထမဆုံးဂြိုလ်တုတွေမှာ မျက်နှာပြင်ဧရိယာ 64 စတုရန်းမီတာရှိတဲ့ အင်တင်နာတွေပါရှိပြီး၊ နောက်မှာ 128 စတုရန်းမီတာရှိ အင်တာနာတွေပါရှိတဲ့ ဒုတိယမျိုးဆက် ဂြိုလ်တုများနဲ့အတူ 400 စတုရန်းမီတာအထိ ကျယ်ဝန်းမည့်အစီအစဉ်များရှိနေပါတယ်။
Starlink ရဲ့အသစ်ဖြစ်တဲ့ v2mini ဂြိုလ်တုအင်တင်နာတွေဟာ 6.21 စတုရန်းမီတာသာရှိပေမဲ့ Starlink ဟာ ၎င်းရဲ့ကြီးမားတဲ့ Starship ဒုံးပျံကိုရရှိနိုင်သောအခါတွင် လွှတ်တင်မယ့် ပိုကြီးတဲ့ cellular-compatible ဖြစ်တဲ့ ဂြိုဟ်တုများကိုပင်စီစဉ်ထားပါတယ်။ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ဂြိုလ်တုများကို ဆဲလ်ဖုန်းတာဝါတိုင်များလိုပဲ အရင်ကထက်နိမ့်ကျစွာ ပျံသန်းခြင်းတို့ကို ပိုမိုပြုလုပ် လာကြပါတယ်။

အာကာသခေတ်ရဲ့ ပထမဆယ်စုနှစ်အနည်းငယ်အတွင်း ဆက်သွယ်ရေးဂြိုဟ်တုတွေကို ကမ္ဘာမြေပြင်အထက် မြင့်မားသော geosynchronous ပတ်လမ်းများမှာထည့်သွင်းခဲ့ပြီး၊ ၎င်းတို့ဟာ အချိန်အတော်ကြာအောင် ဂြိုလ်မျက်နှာပြင်ရဲ့ အစိတ်အပိုင်းအများအပြားကို ဖုံးအုပ်ထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ ဂြိုလ်တုတွေဟာ ယနေ့ခေတ်ထက် များစွာနည်းတဲ့ ဆက်သွယ်ရေးပစ္စည်းများကိုသာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း သေးငယ်ပြီး စျေးသက်သာတဲ့ဂြိုလ်တုတွေ ပေါ်ထွန်းလာပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ လွှတ်တင်ခြင်း သို့မဟုတ် ကမ္ဘာမြေအနီးပတ်လမ်းမှာပျံသန်းတဲ့ စျေးသက်သာတဲ့ ဂြိုလ်တုများစွာကို အားကိုးနေရတဲ့ လုပ်ငန်းတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ၄င်းဂြိုလ်တုအသစ်တွေဟာ ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ မိုဘိုင်းလ်ဖုန်းများမှ အားနည်းတဲ့အချက်ပြမှုတွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ 10 နှစ်လောက်က ဆွေးနွေးမှုတော်တော်များများမှာ ‘မင်းတို့ရဲ့စျေးနှုန်းတွေက အရမ်းမြင့်လွန်းတယ်’ လို့ မိုဘိုင်းအော်ပရေတာတွေက ဂြိုလ်တုထိန်းချုပ်သူများကိုပြောခဲ့တာကို သတိရမိပါတယ်။ နည်းပညာပိုမိုရရှိနိုင်မှု၊ ပိုမိုသွက်လက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွဲပြားတဲ့ချဉ်းကပ်မှုတို့ကြောင့် လုံးဝပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်” ဟု မြူးနစ်မြို့ရှိ Bundeswehr တက္ကသိုလ်မှ အချက်ပြမှုဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Andreas Knopp က ပြောကြားခဲ့သည်။ အနာဂတ်မှာ ပိုမိုကောင်းမွန်သော၊အချက်ပြချိတ်ဆက်မှု အကွာအဝေး ပိုမိုရောက်ရှိနိုင်သော၊ ဂြိုလ်တုချိတ်ဆက်မှု ပိုမိုတည်ငြိမ်သော ဆက်သွယ်ရေးများ ရရှိနိုင်လာတော့မှာ ဖြစ်ကြောင်းကိုလည်း ရေးသားလာကြပါတယ်။

သေးငယ်တဲ့ ဂြိုလ်တုငယ် နှစ်ဒါဇင်ကျော်ကို အနီးကပ်ဖွဲ့စည်းကာ ပျံသန်းနေတဲ့ မြင်ကွင်းတစ်ခုဟာလည်း ယနေ့ခေတ် cellular-compatible ရှိတဲ့ဂြိုလ်တုတစ်ခုနဲ့ လုပ်ဆောင်ခဲ့တဲ့အလုပ်တွေကို ပုံတူကူးဖို့အတွက်ဖြစ်ပြီး ဒီဂြိုလ်တုတစ်ခုစီဟာ သူ့ရဲ့ကိုယ်ပိုင် အစိတ်အပိုင်းတွေနဲ့ အတူ သီးခြားလွတ်လပ်စွာပျံသန်းနေခြင်းဖြစ်ပါတယ်။

“အဓိကကတော့ ကြိမ်နှုန်း၊ အဆင့်နှင့် အချက်ပြမှုများကို ကောင်းစွာ ရောက်ရှိဖို့အတွက် ချိန်ညှိပြီး ပျံသန်းနေတာ ဖြစ်ပါတယ်” လို့ University of the Bundeswehr မှ အချက်ပြလုပ်ဆောင်ခြင်းကို လေ့လာနေတဲ့ ကျောင်းသား Diego Tuzi နှင့် Knopp တို့က ပြောကြားခဲ့ပါတယ်။

မကြာသေးမီက Bundeswehr တက္ကသိုလ်မှ အချက်ပြလုပ်ဆောင်ခြင်းအင်ဂျင်နီယာ တစ်ဦးဖြစ်သူ Thomas Delamotte က “ဘာမှမရှိတာထက် ပိုကောင်းပါတယ် ဒါပေမယ့် ရေရှည်အကျိုးအမြတ်ကိုရချင်တယ်ဆိုရင်တော့ 6G ကို နေရာအနှံ့မှာ ချဉ်းကပ်မှုအသစ်တွေ လိုအပ်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

Starlink ဟာ အခုဆိုရင် ၄င်းရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ v2mini လို့ခေါ်တဲ့ဂြိုဟ်တုများမှတစ်ဆင့် မိုဘိုင်းဖုန်းများကြား 4G/LTE ချိတ်ဆက်မှုမှတစ်ဆင့် စာတိုပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

You may have missed