Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 1, 2026

လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ပြန်မလွှတ်သေး

လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ပြန်မလွှတ်သေး

ဖေဖော်ဝါရီ ၃၊ VOR

လွိုင်ကော်မြို့၏ လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ အကျဉ်းဉီးစီးဌာနမှ လွတ်ငြိမ်းခွင့်ရ အကျဥ်းသားများကို အကျဥ်းထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းထားနေကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး
( KPPA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော ရာဇဝတ်မှုအကျဉ်းသား(၁၄)ဦးနှင့် နိုင်ငံရေးနှင့်စပ်လျဉ်၍ အထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်ရန် ရက်ပြည့်နေပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၆ ဦး စုစုပေါင်း (၂၀)ဦးသည် ယနေ့အထိ သက်ဆိုင်ရာမိသားစုထံသို့ ပြန်လည်မရောက်ရှိသေးကြောင်း သိရသည်။

လွိုင်ကော်မြို့၏ လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ အကျဉ်းဉီးစီးဌာနမှ လွတ်မြောက်အကျဥ်းသားများကို အကျဥ်းထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းထားနေကြောင်းကို စုံစမ်းသိရှိရသည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။

သို့ဖြစ်၍ အကျဉ်းဦးစီးဌာနအနေဖြင့် အပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်ပြီဖြစ်သော ရာဇဝတ်မှုအကျဉ်းသား(၁၄)ဦးအား ချက်ချင်းလွတ်ပေးရန်၊ လွတ်မြောက်သင့်ပြီဖြစ်သော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအား ချက်ချင်းလွတ်ပေးရန်နှင့် စစ်ရေးတင်းမာနေသည့် အခြေအနေတွင် လွတ်မြောက်အကျဉ်းသားများ နေရပ်ပြန်နိုင်ရေးကိစ္စရပ်ကို ICRCနှင့် United Nations OCHA တို့မှ ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်သည်။

အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ၍ ဤကဲ့သို့ ဆက်လက်ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ပြန်မလွှတ်သေး

You may have missed