Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်လာသည့်စစ်တပ်ကို တိုက်ခိုက်ရာ အလောင်းနှင့်လက်နက်များ ရ ဆုတ်ခွာထွက်ပြေးသွားသူများကိုလိုက်လံချေမှုန်းလျက်ရှိ

ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်လာသည့်စစ်တပ်ကို တိုက်ခိုက်ရာ အလောင်းနှင့်လက်နက်များရ၊ ဆုတ်ခွာထွက်ပြေးသွားသူများကိုလိုက်လံချေမှုန်းလျက်ရှိ

ဖေဖော်ဝါရီ ၃၊ VOR

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဇန်နဝါရီလ (၁၃) ရက်မှ စ၍ စစ်ကောင်စီတပ်များ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရာ ယနေ့တွင် အားလုံး ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး PDF တပ်မတော်က မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြ‌ေကြာင်း NUG ကာကွယ်ရေးက သတင်းထုတ်ပြန်သည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဆုတ်ခွာရာ လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက် ချေမှုန်း လျက်ရှိပြီး ရွှေပြည်အေးမြို့တွင်း ရှင်းလင်းရာတွင် ရန်သူ့တပ်သား အလောင်း (၇) လောင်း၊ လက်နက် (၃) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင်တပ်ရင်းများ၊ ပကဖ များက တွန်းလှန်တိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

You may have missed