Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်အုပ်စု တပ်စွဲထားသည့်နေရာကို ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁၅ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိ

မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်အုပ်စု တပ်စွဲထားသည့်နေရာကို ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁၅ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိ

ဖေဖော်ဝါရီ ၃၊ VOR

မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်အုပ်စု တပ်စွဲထားသည့်နေရာကို မဟာမိတ်ပူးပေါင်းတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ဦးနှင့် အထက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း၄ က သတင်းထုတ်ပြန်သည်။

ဖေဖေဝါရီ ၂ရက် ညနေ ၄နာရီ ဝန်းကျင်တွင် စံပြကျေးရွာရှိ စစ်ကောင်စီ တပ်သားအင်အား (၂၀)ခန့်တပ်စွဲထားသည့် နေရာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ စစ်ကူကား ၈စီးရောက်ရှိလာသဖြင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စသား ၁၅ဦးနှင့် အထက်သေဆုံးပြီး ၎င်းတို့ထံမှ MA _1 သေနတ် ၃လက်နှင့် ကာဘိုင်အမျိုးစား သေနတ် ၁လက်တို့ကို ရရှိခဲ့ပြီး Myingyan BlackTigerမှ ရဲဘော်တစ်ဦးမြင့်မြတ်စွာအသက်‌ပေးလှူခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မူ့ကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းနှင့်အတူ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃) MDY PDF၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ Myingyan Black Tiger ၊ ဗိုလ်စား‌ေပြာက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ ဗိုလ်စက္က‌ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်အုပ်စု တပ်စွဲထားသည့်နေရာကို ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁၅ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိ

You may have missed