Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ဖားကန့်မြို့နယ်၏ အဓိကကျသည့်စခန်းဖြစ်သည့် နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်

ဖားကန့်မြို့နယ်၏ အဓိကကျသည့်စခန်းဖြစ်သည့် နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်

ဖေဖော်ဝါရီ ၃၊ VOR

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၏ စစ်ကောင်စီ၏ အဓိကတပ်စခန်းတစ်ခုဖြစ်သည့် နန့်တိန်း တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အင်အား ၆၀ဝန်းကျင်ရှိသည့် အဆိုပါ နန့်တိန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးပြီး ကျန်လူများ ထွက်ပြေးသွားကြကြောင်း၊ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဖားကန့်မြို့နယ် နန့်တိန်းတပ်စခန်းနှင့် ဝှေခေါစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝှေခေါ ရဲစခန်းကို သိမ်းယူခဲ့ရာ ရဲစခန်းမှူးကို အရှင်မိခဲ့သည်။

You may have missed