Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ထားဝယ်မြို့ပေါ် တွင် အင်အား ၁၀၀ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ရာ စစ်သား ၁၂ သေဆုံး

ထားဝယ်မြို့ပေါ် တွင် အင်အား ၁၀၀ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ရာ စစ်သား ၁၂ သေဆုံး

ဖေဖော်ဝါရီ ၃၊ VOR

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ် ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းတွင် အင်အား ၁၀၀ ခန့်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့ပေါ် ဘုမ္မော်ရပ်ကွက် စောမိညိုလမ်း၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အလစ် အငိုက်တိုက်ခိုက်ခဲ့ရာစစ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၉ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော် များ ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၁)ဖြစ်သော (Special Guerrilla Force )အထူးပြောက်ကျားတပ်ဖွဲ့ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ပေါ် တွင် အင်အား ၁၀၀ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ရာ စစ်သား ၁၂ သေဆုံး

You may have missed