Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

ညောင်ပင်ကြီးရဲစခန်းမှ စစ်ဆေးရေးဂိတ်ကို လာသည့် အရပ်ဝတ် စစ်သား ၇ဦးကို တိုက်ခိုက်ရာ ၃ ဦးသေဆုံး

ညောင်ပင်ကြီးရဲစခန်းမှ စစ်ဆေးရေးဂိတ်ကို လာသည့် အရပ်ဝတ် စစ်သား ၇ဦးကို တိုက်ခိုက်ရာ ၃ ဦးသေဆုံး

ဖေဖော်ဝါရီ ၃၊ VOR

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသည် ရဲစခန်းအနီး စစ်ဆေးရေးဂိတ်သို့ လာရောက်စဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သား ၇ဦးသည် အရပ်ဝတ်ဖြင့် ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်ပင်ကြီးရဲစခန်းမှ ချင်းတွင်းမြစ်ဆိပ်ကြား ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို လာရောက်စဉ် တော်လှန်ရေးတပ်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဉီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ်လက်ရုံးတပ် ၊Alpha Column၊ Salingyi Generation Z PDF၊ Young People Forceနဲ့ Dragon Brother Task Force(DBTF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

https://web.facebook.com/VORLiveNews/videos/599382809029771

You may have missed