Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
January 13, 2026

NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပတ်သက်ပြီး ဂျပန်လွှတ်တော်အတွင်း ကြားနာပွဲတရပ်ပြုလုပ်

NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပတ်သက်ပြီး ဂျပန်လွှတ်တော်အတွင်း ကြားနာပွဲတရပ်ပြုလုပ်

ဖေဖော်ဝါရီ ၂၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပတ်သက်ပြီး ဂျပန်လွှတ်တော်အတွင်း ကြားနာပွဲတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ​၏ ပကတိ အခြေအနေမှန်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဂျပန်အစိုးရတာဝန်ရှိသူများ လွှတ်တော်အမတ်များ နိုင်ငံတကာ သံတမန်များနှင့် ဂျပန်သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။

NUG ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် တော်လှန်ရေးဖြစ်စဉ်များအပြင် ဂျပန်အစိုးရအနေဖြင့် မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးရာတွင် မြေပြင်သို့ ထိရောက်​သည့် ကူညီမှုများ ရောက်ရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ Mr. Nakagawa Masaharu၊ အတွင်းရေးမှူး Mr. Ishibashi Michihiro၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ဒါရိုက်တာ Mr. Yuki Kitazumi အပါအဝင် ဂျပန်လူမျိုးများကလည်း တော်လှန်ရေးအောင်မြင်သည်အထိ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်ကြမည့်အကြောင်း အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

You may have missed