Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ရွှေပြည်အေးမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများဖြစ်ပွား၊ လေကြောင်း လက်နက်ကြီးပစ်နေသော်လည်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားဆဲ

ဖေဖော်ဝါရီ ၂၊ VOR

ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့ကို စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းမှ ထိုးစစ်ဆင်နေပြီး လေကြောင်း လက်နက်ကြီးဖြင့် နေ့စဉ်ဗုံးကြဲနေသော်လည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းမှ ရွှေပြည်အေးမြို့သို့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်နိုင်‌ရေး ကြိုးစားလျက်ရှိသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ လေကြောင်း လက်နက်ကြီးဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မှ စတင်ပြီး မြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိပြီး စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းကို ဟုမ္မလင်းမြို့မှ ရဟတ်ယာဉ်ဖြင့် ရိက္ခာ/ခဲယမ်း၊ကျည် ထောက်ပို့ပေး‌နေ ပြီး စစ်အင်အားအများအပြားဖြင့် မြို့ကို စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

ဟုမ္မလင်းမြို့ပေါ်မှ ဟောင်ဝင်ဇာ များဖြစ် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာများဖြစ် တိုက်ခိုက်ခြင်း၊ Mi 2ဖြစ် နေ့စဉ် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ၁၂၀မမ ၈၁မမ များဖြင့် ပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်နေသော်လည်း ရွှေပြည်အေးမြို့သည် တော်လှန်ရေးတပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ရွှေပြည်အေးမြို့ကို ကာကွယ်‌ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသ ခန္တီးခရိုင်အမှတ်-၂တပ်ရင်း အပါအဝင် မဟာမိတ် တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယနေ့အချိန်အထိ မဟာမိတ် PDFတပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

You may have missed