Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

မံစီမြို့နယ် စစ်ကောင်စီတပ် ခလရ ၂၅၀၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

မံစီမြို့နယ် စစ်ကောင်စီတပ် ခလရ ၂၅၀၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

ဖေဖော်ဝါရီ ၂၊ VOR

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခလရ ၂၅၀၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မံစီမြို့နယ်က စစ်ကောင်စီတပ် ခလရ ၂၅၀ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခြင်းဖြစ်ကြောင်း အဆိုပါ စခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ရက်နေ့တွင် မံစီမြို့ ဂေါင်ငူယန်တပ်စခန်းနှင့် ဇန်နဝါရီ ၂၁ရက်နေ့တွင် မန်ဝိန်းကြီးစခန်းတို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

မံစီမြို့နယ် စစ်ကောင်စီတပ် ခလရ ၂၅၀၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

You may have missed