ဖေဖော်ဝါရီ ၂၊ VOR
ချင်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း Chinland Council က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း ၉ ပုဒ်မ ၃၂ (က)အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယခုချင်းပြည်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ၁ ဦး၊ ဝန်ကြီး ၁၄ ဦးနှင့် ရှေ့နေချုပ် ၁ ဦးတို့ပါဝင်သလို တရားသူကြီးချုပ်နှင့် တရားသူကြီး ၂ဦးပါဝင်သည့် တရားလွှတ်တော်ချုပ်ကိုလည်း ဖွဲ့စည်းကာ ချင်းပြည် စာရင်းစစ်ချုပ်ကိုလည်း ခန့်အပ်ထားကြောင်း သိရသည်။
ရွေးချယ် အတည်ပြုခန့်အပ်ခံရသော ချင်းပြည် (Chinland) အစိုးရအဖွဲ့ ၊ ချင်းပြည်(Chinland) တရားလွှတ်တော်ချုပ် နှင့် စာရင်းစစ် ချုပ် ပုဂိုုလ်များက ကတိသစ္စာပြု ကျမ်းသစ္စာဆိုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ညီလာခံပထမသက်တမ်း ဒုတိယအကြိမ်ကောင်စီအစည်းအဝေးကို Chinland Council က ကောင်စီအဖွဲ့ဝင် ၁၀၀ ဦးနှင့် ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်တွေက ချင်းလုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဒီအစည်းအဝေးမှ အစိုးရအဖွဲ့ဝင်အမည်စာရင်းများကို အတည်ပြုပြီး လွှတ်တော်အပါအဝင် အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ