Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးပြုလုပ် ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်များ၏ ကြားကာလ အစိုးရတစ်ရပ် အရေးတစ်ကြီးလိုအပ်နေကြောင်း ယာယီသမ္မတတိုက်တွန်း

ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးပြုလုပ် ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်များ၏ ကြားကာလ အစိုးရတစ်ရပ် အရေးတစ်ကြီးလိုအပ်နေကြောင်း ယာယီသမ္မတတိုက်တွန်း

ဖေဖော်ဝါရီ ၁၊ VOR

ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ် အစည်းအဝေးကို ယ‌နေ့ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဖက်ဒရယ်ယူနစ်များ၏ ကြားကာလ အစိုးရတစ်ရပ် အရေးတစ်ကြီးလိုအပ်နေကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ အရေးတကြီးလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်မှာ ပြည်နယ်ဖက်ဒရယ်ယူနစ်များ၏ ကြားကာလ အစိုးရအဖွဲ့ဖွဲ့စည်းရန် အရေးတစ်ကြီးလိုအပ်နေကြောင်း ယာယီသမ္မတက အလေးအနက်ထားတိုက်တွန်းခဲ့သည်။

နွေဦးတော်လှန်ရေး၏ ပင်မရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် မရှိမဖြစ်သည့် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ယူဆကြောင်း၊ NUG အစိုးရအနေဖြင့် ၎င်းတာဝန်ကို အချိန််ပြည့် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် FSCC ကိုဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

“လက်ရှိအချိန်ဟာ စစ်ရေးနှင့် နိုင်ငံရေးအပြောင်းအလဲများ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်နေတဲ့ ကာလဖြစ်သလို နိုင်ငံရေး ဉပဒေပြုရေးတို့ကို ဟန်ချက်ညီလုပ်ဆောင်နိုင်ရေး၊ ကျယ်ပြန့်သော တော်လှန်ရေးအင်အားစုများကို တစ်ညီတစ်ညွတ်တည်းဆွဲစုနိုင်တဲ့ လူထုတာဝန်တစ်ရပ်ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ယခုအခါ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကိုဖွဲ့စည်းခဲ့သလို ချင်းပြည်နယ်အစိုးရဖွဲ့စည်းရေး ကြိုးပမ်းနေပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းတွင်လည်း ကြားကာလ တိုင်းအစိုးရပေါ်ပေါက်လာရေး ကြိုးပမ်းနေသည်ကို သိရှိရကြောင်း၊ ခုခံတော်လှန်စစ်ကို အရှိန်မြှင့်တင်ပြီး မြေပြင်ထိန်းသိမ်းမှုများ ကျယ်ပြန့်နေနိုင်ပြီဖြစ်သဖြင့် ၂၀၂၄ခုနှစ်အတွင်း ကြားကလ ပြည်နယ် ဖက်ဒရယ် အစိုးရ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထူထောင်နိုင်ရေး အရေးတကြီးလိုအပ်နေကြောင်း အလေးနက်ထားတိုက်တွန်းလိုက်သည်။

ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးပြုလုပ် ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်များ၏ ကြားကာလ အစိုးရတစ်ရပ် အရေးတစ်ကြီးလိုအပ်နေကြောင်း ယာယီသမ္မတတိုက်တွန်း

You may have missed