Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 31, 2025

ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၀တိုက်ခိုက်၊ ပေါင် ၅၀၀ဗုံး ရာချီကျဲချ ပြည်သူနေအိမ် အများအပြားပျက်စီး

ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၀တိုက်ခိုက်၊ ပေါင် ၅၀၀ဗုံး ရာချီကျဲချ၊ ပြည်သူနေအိမ် အများအပြားပျက်စီး

ဇန်နဝါရီ ၂၆၊ VOR

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၀တိုက်ခိုက်ခဲ့ပြီး၊ ပေါင် ၅၀၀ဗုံး ရာချီ ပစ်ချခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLA က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီသည် ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာကို ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်များဖြင့် အကြိမ် ၂၀ နီးပါးတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကျဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူများ၏ အိုး အိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုအများအပြား ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၀တိုက်ခိုက်၊ ပေါင် ၅၀၀ဗုံး ရာချီကျဲချ ပြည်သူနေအိမ် အများအပြားပျက်စီး

You may have missed